Thursday, December 17, 2020

အနာပဆုပ် ၊အနာစိမ်းဆိုတာ

 အနာပဆုပ် ၊အနာစိမ်းဆိုတာ (https://content.ondoctor.com.mm/healthy-living/3895/)

ဇီဝက ဆေးခန်းမှာ အပြများတဲ့ လူနာတွေထဲမှာ အနာပဆုပ် ပေါက်တဲ့

လူနာတွေလည်း ပါပါတယ် ။မေးကြည့်ရင် “ဆရာရယ် ၊ဟိုမန်းဆေး အုံလိုက် ပေါက် နိုးနိုး ၊ဒီဆေးရွက်လေး ကောင်းတယ်ဆိုပြီး အုံလိုက် ပျောက်နိုးနိုးနဲ့။” ဆိုပြီး အနာပဆုပ်ကနေ အနာဟောင်းလောင်းဖြစ်ပြီး အခြေအနေ ဆိုးမှ ရောက်လာကြတဲ့သူတွေလည်း ဒုနဲ့ ဒေး ။ဒီလို မဖြစ်ရအောင် ၊စာဖတ်သူတွေလည်း ဗဟုသုတရအောင်ဒီဆောင်းပါးလေးမှာ အနာပဆုပ် ခေါ် အနာစိမ်းရောဂါ အကြောင်းလေး ပြောပြပါ့မယ် ။

အနာပဆုပ် ၊အနာစိမ်းဆိုတာ ဘာပါလဲ ။

အရေပြားမှာ နီရဲနေသော အဖုကလေး ထွက်လာမယ် ။ပြည်အောင်း

လာရင် မန်းလိုက်ပြီး ရောင်ရမ်းလာမယ် ။နာလာမယ် ။ကိုင်ကြည့်ရင် ပူနွေးနွေးနဲ့ နာမယ် ။တချို့ကျတော့လည်း ပြည်မတည်ဘဲ နီရဲရောင်ရမ်းနာ အဆင့်ကနေ ပြန်သက်သာသွားတတ်တယ် ။ထိုအနာစိမ်းကလေးများစုကာ အနာပေါက်ဝအများကြီးနဲ့အနာကြီး တစ်ခု တစ်ခါတစ်လေ ဖြစ်တတ်တယ် ။ထိုအနာကြီးကို အနာပဆုပ်ရယ်လို့ အရပ်ထဲ ခေါ်ကြတယ် ။

အနာပဆုပ် ၊အနာစိမ်း ဘာကြောင့်ဖြစ်တာလဲ ။

အထူးသဖြင့် အမွေးအမျှင်ရှိတဲ့ နေရာတွေ ဆံပင်ရင်း ၊ခြေသလုံးမွေးအရင်းရှိ အဆီအိတ်တွေ ၊အဆီဂလင်းတွေမှာ ပိုးဝင်ရောက်ရာကနေ ပြည်တည်နာဖြစ်တာပါ ။အထူးသဖြင့် မျက်နှာဆံစပ် နဲ့ လည်ပင်း ၊ချိုင်းကြား ၊ပေါင် ၊တင်ပါး ၊ခြေသလုံးတွေမှာ ပေါက်တတ်တယ် ။တစ်ကိုယ်ရေ မသန့် ရှင်းသူတွေ ၊ဆီးချိုသွေးချိုရောဂါသည်တွေမှာ အဖြစ်များတယ် ။

မိမိရဲ့ မိသားစုဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသမလဲ ။

အနာပဆုပ်လို့ ထင်ရင် ၊ဆီးချို သွေးချို ရောဂါ ရှိရင် ၊မိမိဘာသာ အနာ

ကို သန့်ရှင်းရေး လုပ်သော်လည်း တစ်ပတ်ကြာတဲ့အထိ မသက်သာရင် ၊အနာစိမ်းပိုးပေါက်ရင် ၊ဖျားပြီး ကိုယ်လက်မအီမသာဖြစ်လာရင် ၊မကြာခဏ အနာစိမ်းပေါက်တတ်ရင် မိမိရဲ့ မိသားစု ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ် ။

မိမိဘာသာ ဘာလုပ်ထားနိုင်သလဲ ။

-အနာကို နေ့စဉ် ရေ ၊ဆပ်ပြာတို့ဖြင့် ဆေးကြောပါ ။ပြီးလျှင် ခြောက်အောင်ထားပါ။

-အနာ စူလာစေရန် နေ့စဉ် ရေနွေးဖတ် ကပ်ပါ ။

-အနာကို မဆွရ ။မကလိရ ။မညှစ်ရ ။ဆေးပူတွေ ၊အရွက်တွေ မအုံရ ။အပ်ဖြင့်

မဖောက်ရ ။သူ့ဘာသူ ပေါက်ထွက်ပါစေ ။ချပ်သွားပါစေ ။

အနာကို ကလိရင် ပိုးပိုဝင်က ပိုဆိုးတတ်ပါတယ် ။

-အနာမကူးစေရန် မျက်နှာသုတ်ပဝါ ၊တဘက် သီးသန့်ထားပါ ။

-အနာကို မကိုင်ခင် ၊ကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာ ဆေးကြောပါ ။

-အိပ်ရာခင်း ၊ခေါင်းအုံးစွပ်တို့တွင် သားငန်ရည် စွန်းထင်းက ရေနွေးဖြင့် သေချာ

ပြုတ်လျှော်ပါ ။

-အနာ မပျောက်မချင်း ဖြစ်တဲ့ လက် ၊ခြေသလုံးစတာတွေကို အနားပေးပါ ။လှုပ်ရှားမှုများများ မလုပ်ပါနဲ့ ။

-အနာပေါက်သွားပါက ပတ်တီးအစဖြင့် အုပ်ထားပါ ။အနာကို နေ့စဉ် ရေနွေးဖြင့်ဆေးပါ ။Betadine ကဲ့သို့သော ဆေးအရည်လေး ထည့်ပေးနိုင်တယ်။ အနာကျက်သည်အထိ ထိုနည်း အတိုင်းလုပ်ပါ ။

Author; ခေတ်သစ် ဇီဝက

News source from: https://content.ondoctor.com.mm/healthy-living/3895/

Saturday, December 12, 2020

အာရုံကြောအားနည်းရောဂါ

 

အာရုံကြောအားနည်းရောဂါ (www.drmyanmar.com)

ခြေထိပ်လက်ထိပ်တွေ ကျဉ်ထုံနေတတ်တာမျိုး ဖြစ်ဖူးကြပါသလား။ ဒါဆိုရင်တော့ သင့်ရဲ့အာရုံကြောတွေ အားနည်းနေတာ ဖြစ်နိုင်ပါတယ်။ အာရုံကြောအားနည်းရောဂါဆိုတာ ဦးနှောက်နှင့် ကျောရိုးအာရုံကြောမရဲ့ ပြင်ပမှာရှိတဲ့ ခြေလက်အာရုံကြောတွေမှာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခြင်းကြောင့် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ခြေထိပ်လက်ထိပ်များတွင် ထုံကျဉ်နေတတ်သလို အခြားသောကိုယ်အစိတ်အပိုင်းတွေမှာလည်း အလားတူ ဖြစ်ပေါ်စေနိုင်ပါတယ်။

>>  ရောဂါလက္ခဏာများ
●  လက်ထိပ်နှင့်ခြေထိပ်လေးတွေမှာ တဆစ်ဆစ်ကျဉ်ခြင်း ထုံခြင်းတို့ဖြစ်ရာကနေ တဖြည်းဖြည်း လက်နှင့်ခြေထောက်တစ်ခုလုံးကိုပါ ပျံ့နံှ့လာခြင်း
●  အထိအတွေ့တစ်ခုခုကို အလွန်အမင်းသိရှိခြင်း
●  လက်ထိပ်ခြေထိပ်များတွင် စူးခနဲနာကျင်ခြင်း
●  ကြွက်သားအားနည်းခြင်း
●  လက်အိပ်နှင့်ခြေအိပ်စွပ်ထားသကဲ့သို ထုံနေခြင်း
●  အချို့သောသူများတွင် ကာယအာရုံကြောများပါ ပျက်စီးခြင်းကြောင့် အကြောသေခြင်း

>>  ဖြစ်စေသောအကြောင်းရင်းများ
●  SLE ကဲ့သို့ Autoimmune ရောဂါများ
●  ဆီးချိုရောဂါ
●  အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ HIV ၊ Leprosy စသဖြင့် ရောဂါပိုးဝင်ခြင်း
●  မျိုးရိုးလိုက်ခြင်း
●  ကင်ဆာကျိတ်ကဲ့သို အကျိတ်များက အာရုံကြောများကိုဖိမိခြင်း
●  ကျောက်ကပ်၊ အသည်း၊ သိုင်းရွိုက်မကောင်းသူများ
●  အရက်အလွန်အကျွံသောက်ခြင်း
●  ဓာတုပစ္စည်းနှင့်အဆိပ်များဖြင့် ထိတွေ့မှုများခြင်း
●  ဗီတာမင်ဘီ ချို့တဲ့ခြင်း

>>  နောက်ဆက်တွဲဆိုးကျိုးများ
●  အရေပြားလောင်ခြင်းနှင့်ဒဏ်ဖြစ်ခြင်း
●  လက်ဖျားခြေဖျားများ ထုံနေသောကြောင့် ထိခိုက်ဒဏ်ရာများ ဖြစ်ပေါ်တာကို မသိပါက ထပ်ဆင့်ပိုးဝင်ခြင်းများ ဖြစ်ပေါ်ခြင်း
●  ဟန်ချက်မညီမျှခြင်းနှင့် မကြာခဏ ချော်လဲခြင်း

>>  ဘယ်အချိန်မှာ ဆေးခန်းပြသင့်လဲ?
●  သင့်လက်ထိပ်ခြေထိပ်တွေ မကြာခဏ ထုံကျဉ်နေခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ နာကျင်ခြင်းတို့ ဖြစ်ပေါ်နေပါက စောစီးစွာ ဆရာဝန်နှင့်တိုင်ပင်သင့်ပါတယ်။

>>  ကာကွယ်နည်း
●  ဗီတာမင်များပြည့်ဝစေဖို့ အသားငါး၊ သစ်သီး ၊ဟင်းသီးဟင်းရွက်များ နေ့စဉ်စားသုံးခြင်း
●  နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း
●  ဆေးလိပ်နှင့်အရက်ဖြတ်ခြင်း
●  အဆိပ်အတောက်များနှင့် ဝေးဝေးနေခြင်း
●  ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ကြဉ်ခြင်း၊ အကြာကြီး မတ်တပ်ရပ်ခြင်း/ထိုင်ခြင်းကို ရှောင်ခြင်း
●  ထပ်ခါတလဲလဲပြုလုပ်ရသော လှုပ်ရှားမှုများကို ရှောင်ကြဉ်ခြင်း

အာရုံကြောအားနည်းနေသူများအနေနှင့် မပေါ့ဆဘဲ ကုသမှုခံယူခြင်းနှင့်အတူ ဆောင်ရန်၊ ရှောင်ရန်တွေကိုပါ လိုက်နာခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)


Sunday, December 6, 2020

ကိုရိုနာဗိုင်းရပ်စ် လက္ခဏာတွေက ဘာတွေလဲ၊ ဘယ်လို ကာကွယ်ရမလဲ

ကိုရိုနာဗိုင်းရပ်စ် လက္ခဏာတွေက ဘာတွေလဲ၊ ဘယ်လို ကာကွယ်ရမလဲ 

News from: https://www.bbc.com/burmese/51828107


ကိုရိုနာဗိုင်းရပ်စ်ဟာ စဖြစ်ချိန်ကစလို့ နိုင်ငံနဲ့ နယ်မြေပေါင်း ၂၁၀ ကျော်မှာ ပျံ့နှံ့ဖြစ်ပွားခဲ့ပါပြီ။

ဘယ်လောက်မြန်မြန် ပျံ့နှံ့ကူးစက်နေသလဲ

ကမ္ဘာတလွှားမှာ နေ့စဉ် အသစ်ကူးစက်ခံရသူအရေအတွက်ဟာ ထောင်သောင်းချီ အထိရှိနေပါတယ်။ ဒါပေမယ့် အဲဒီကိန်းဂဏန်းတွေထဲမှာ ကျန်းမာရေးဌာနတွေက မသိရှိလိုက်တဲ့ လူနာတွေ အများအပြားရှိနေလိမ့်ဦးမယ်လို့ ယူဆထားကြပါတယ်။

တရုတ်ပြည်မှာ စတင်ဖြစ်ပွားပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ဟာ အမေရိကန်၊ စပိန်၊ ယူကေ၊ တောင်ကိုရီးယား၊ အီတလီ၊ အီရန် အစရှိတဲ့နိုင်ငံတွေနဲ့ နိုင်ငံပေါင်း နှစ်ရာနီးပါးမှာ လျှင်လျှင်မြန်မြန် ကူးစက်ပျံ့နှံ့နေပါတယ်။

ကိုယ့်ကိုယ်ကိုယ်ဘယ်လိုကာကွယ်မလဲ။

အကောင်းဆုံးနည်းကတော့ လက်ကိုမကြာခဏ နှံ့နှံ့စပ်စပ်သေသေချာချာဆေးဖို့ပါပဲ။ ဆပ်ပြာနဲ့ ရေနဲ့ဆေးတာ အကောင်းဆုံးပါ။

ဒီဗိုင်းရပ်စ်ဟာ ပိုးရှိသူကချောင်းဆိုးတဲ့အခါ ဗိုင်းရပ်စ်ပါတဲ့ အရည်အစက်သေးသေးလေးတွေ လေထဲမှာပျံ့ပြီး ကူးပါတယ်။ အဲဒီအရည်အစက်ကလေးတွေဟာ အသက်ရှူသွင်းတဲ့အထဲမှာပါနိုင်လောက်အောင် သေးငယ်ပါတယ်။ အဲဒီအရည်အစက်လေးတွေတင်နေတဲ့နေရာကို လက်နဲ့ထိမိပြီး အဲဒီလက်နဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်ကို ကိုင်မိရင် ကူးနိုင်ပါတယ်။

ဒါ့ကြောင့် ချောင်းဆိုး၊ နှာခေျရင် တစ်ရှူးသုံးပါ။ မျက်နှာကို လက်မဆေးရသေးဘဲနဲ့ မကိုင်ပါနဲ့။ ရောဂါရှိသူနဲ့နီးနီးစပ်စပ် မနေဖို့ဟာ ရောဂါပြန့်ပွားမှုကို တားဆီးရေးမှာ အရေးပါတဲ့အချက်ပါပဲ။ တချို့ကျွမ်းကျင်သူ ကျန်းမာရေးပညာရှင်တွေရဲ့ အကြံပြုချက်အရဆိုရင် မျက်နှာဖုံးတပ်ဆင်တာဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုအတွက် မထိရောက်လှပါဘူး ဒါပေမယ့် အခုနောက်ပိုင်းမှာ နှာခေါင်းစည်းတပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေ ပိုပြီး ကျယ်ပြန့်လာပါတယ်။

မကူးစက်အောင်ဘာတွေလုပ်ဖို့လိုသလဲ

  • ရောဂါလက္ခဏာတွေက ဘာတွေလဲ

ကိုရိုနာဗိုင်းရပ်စ်ဟာ အဆုပ်ကိုထိတဲ့ဗိုင်းရပ်စ်ပါ။ ရောဂါလက္ခဏာဟာ အဖျားနဲ့စတင်လေ့ရှိပြီး နောက်တော့ချောင်းခြောက်ဆိုးပါတယ်။ အဲဒီနောက် အသက်ရှူကျပ်တဲ့ ပြဿနာလိုက်ပါလာပါတယ်။

ရောဂါလက္ခဏာတွေဟာ ပျမ်းမျှအားဖြင့် ကူးစက်ပြီး ၅ ရက်အကြာမှာ စတင်လေ့ရှိတယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။

ကိုဗစ်လက္ခဏာများ

ရောဂါလက္ခဏာပြနေသူတွေဆီကနေ အများဆုံးကူးစက်ပါတယ်။ ဒါပေမယ့် တချို့လူတွေမှာ သူတို့ကိုယ်တိုင် မဖျားနာသေးခင်မှာကို တခြားလူတွေဆီ ကူးစက်ပျံ့နှံ့နိုင်တယ်လို့ဆိုပါတယ်။

ကနဦးရောဂါလက္ခဏာတွေဟာလည်း ဆောင်းရာသီအအေးမိတာတို့ တုပ်ကွေးတို့နဲ့ ဆင်တူပြီး အဲဒီ ရောဂါတွေအဖြစ် ရောထွေးလွဲမှားလေ့ ရှိပါတယ်။

ဘယ်လောက်အသေအပျောက်များသလဲ

ရောဂါဖြစ်ပွားပြီး သေဆုံးသူအရေအတွက်ဟာ ၁ ရာခိုင်နှုန်း ၂ ရာခိုင်နှုန်း အောက်အထိ နည်းပါးလှတယ်လို့ဆိုပါတယ်။ ဒါပေမယ့် အဲဒီကိန်းဂဏန်းဟာ သိပ်စိတ်မချရပါဘူး။

လူထောင်နဲ့ချီပြီး ကုသမှုခံယူနေကြပေမယ့် လူအများအပြားလည်း ဆက်လက်သေဆုံးနေဆဲပါ။ ဒါ့ကြောင့် သေနှုန်းဟာ မြင့်ကောင်းမြင့်နိုင်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ရောဂါပျော့တဲ့သူတွေဟာ စာရင်းထဲမှာကို ရောက်မလာတာတွေကလည်း အများကြီးရှိနေတော့ သေဆုံးသူရာခိုင်နှုန်းဟာ အဲဒီလူတွေပါ ထည့်တွက်လိုက်ရင် ရာခိုင်နှုန်းနည်းတာဖြစ်ချင်ဖြစ်နိုင်ပါတယ်။

ကူးစက်ခံရသူ လူပေါင်း ၅၆၀၀၀ ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO စစ်တမ်းကောက်ယူရာမှာ ဒီလိုတွေ့ရပါတယ်။

  • ၆ ရာနှုန်းက ပြင်းပြင်းထန်ထန်ခံစားရပါတယ်။ အဆုတ်ပျက်စီးတယ်။ ထိတ်လန့်တကြား ရှော့ခ်ဖြစ်တယ်။ ကိုယ်တွင်းအင်္ဂါပျက်စီးပြီး အသက်အန္တရာယ်ကြီးကြီးမားမား ကျရောက်တယ်။
  • ၁၄ ရာနှုန်းက ဆိုးဝါးတဲ့ ရောဂါလက္ခဏာတွေပြပါတယ်။ အသက်ရှုကျပ်တာ၊ မောပန်းတာမျိုးပါ။
  • ၈၀ ရာနှုန်းကတော့ အပျော့စားလက္ခဏာတွေပဲပြပါတယ်။ အဖျား၊ ချောင်းဆိုး၊ နမိုးနီးယားစသဖြင့်ပါ။
ရောဂါပြင်းထန်မှုအဆင့်ဆင့်

အသက်ကြီးသူတွေ နာမကျန်းသူတွေမှာ ပိုပြီးပြင်းပြင်းထန်ထန် ဖြစ်လေ့ရှိပါတယ်။ နာမကျန်းသူတွေဆိုတာက ပန်းနာရင်ကျပ်ရှိသူ၊ ဆီးချိုရှိသူ၊ နှလုံးရောဂါရှိသူတွေမျိုးကို ဆိုလိုပါတယ်။

ကုသပုံက လူနာအပေါ်မှာမူတည်ပါတယ်။ အသက်ရှုကျပ်ရင် အောက်ဆီဂျင်ပေးတာမျိုး လိုအပ်တဲ့နေရာကို ထောက်ပံ့ပေးပြီး သူတို့မှာ ကိုယ်ခံအားပေါ်လာပြီး ရောဂါပျောက်ကင်းချိန်အထိ အသက်ရှင်နေအောင် ထိန်းထားပေးရတဲ့ ကုသနည်းဖြစ်ပါတယ်။ ကာကွယ်ဆေးက စမ်းသပ်ဆဲကာလဖြစ်ပါတယ်။

ရောဂါဖြစ်ပွားလာပြီလို့ ထင်ရင် ဘာလုပ်သင့်သလဲ

နိုင်ငံအလိုက်ဆောင်ရွက်ချက်တွေကွာခြားတတ်ပါတယ်။ မိမိနေထိုင်ရာ တိုင်းပြည်ရဲ့ အရေးပေါ်ကျန်းမာရေးဌာနတွေကို ဆက်သွယ်ပြီး လိုအပ်တဲ့ ညွှန်ကြားချက်တွေကိုလိုက်နာသင့်ပါတယ်။

News Source from: ကိုရိုနာဗိုင်းရပ်စ် လက္ခဏာတွေက ဘာတွေလဲ၊ ဘယ်လို ကာကွယ်ရမလဲ - BBC News မြန်မာ

မျက်ရည်ယိုဗုံးအကြောင်း သိကောင်းစရာများ

မျက်ရည်ယိုဗုံးအကြောင်း သိကောင်းစရာများ  စာရေးသူ - ပစ်တိုင်းထောင် (ဆေးမန်း) ၁) မျက်ရည်ယိုဗုံး (Tear Gas) ဆိုတာ - Tear Gas ကို အထိကရုံး နှိမ်န...