Thursday, August 30, 2018
Chlamydia and Gonorrhea ကဲလ်မီဒီးယား နဲ့ ဂနိုးရီးယား
Dr. Tint Swe's Writings
Chlamydia and Gonorrhea ကဲလ်မီဒီးယား နဲ့ ဂနိုးရီးယား
(ကန်တော့ပါ)
၁။ ဆရာ ကျွန်တော်အသက် ၂၇နှစ် အမျိုးသားပါ။ သွေးစစ်စာမှာ Chalmydia ဖြစ်နေတယ်တဲ့ ဘာတွေဆက်လုပ်သင့်ပါသလဲဆရာ။့ မှာဖြစ်နေပါတယ်။ ၀ယ်သောက်ရမည့်ဆေးသိပါရစေ။ နောက်၃လနေရင်ပြန်စစ်ရမယ်ပြောသော်လည်း မည်သည့်ဆေးမှမပေးလိုက်ပါ။
၂။ ကျွန်တော် အသက် ၂၆၊ ရန်ကုန်မှာနေပါတယ်။ ဆရာ့ပိုစ်တွေ တော်တော်များဖတ်ဖူးပါတယ်။ အဲ့ထဲမှာမှ Gonorrhea နဲ့ Chlamydia ရောဂါလက္ခဏာတွေက အားလုံးနီးပါတူညီနေတာ တွေ့ရပါတယ်။ ဒီရောဂါနှစ်ခုကို ကွဲကွဲပြားပြား ဘယ်လို သိနိုင်မလဲဆရာ။ ဖြေကြားပေးပါဆရာ။
Chlamydia ကဲလ်မီဒီးယားဆိုတာ Chlamydia trachomatis ဗက်တီးရီးယားကနေကူးစက်တယ်။ အဖြစ်အများဆုံး လိင်ကတဆင့်ကူးစက်ရောဂါဖြစ်တယ်။ မိန်းမတွေမှာ PID တင်ပါးဆုံတွင်း အင်္ဂါတွေရောင်တဲ့ရောဂါကို ဖြစ်စေတဲ့ ပင်မအကြောင်းလည်းဖြစ်တယ်။ သားအိမ်ပြင်ပသန္ဓေတည်တာနဲ့ အမျိုးသမီးကလေးမရတာတွေကိုလည်း ဆက်ဖြစ်စေနိုင်တယ်။ ယောက်ျားတွေမှာ ကျားအစိနဲ့ ဆီးကျိတ်ရောင်တာကို ဆက်ဖြစ်စေနိုင်တယ်။ ယောက်ျား ကလေးမရတာလည်းဖြစ်စေနိုင်တယ်။ ယောက်ျားလိင်အင်္ဂါကနေ အရည်ကျစေနိုင်တယ်။
Gonorrhea ဂနိုးရီးယားဆိုတာ Neisseria gonorrhoeae ဗက်တီးရီးယားကနေကူးစက်တယ်။ ကဲလ်မီဒီးယားနဲ့ တွဲဖြစ်တတ်တယ်။ မိန်းမတွေမှာ PID တင်ပါးဆုံတွင်းအင်္ဂါတွေရောင်တဲ့ရောဂါကို ဖြစ်စေတဲ့ ပင်မအကြောင်းဖြစ်တယ်။ သားအိမ်ပြင်ပသန္ဓေတည်တာနဲ့ အမျိုးသမီးကလေးမရတာတွေကိုလည်း ဆက်ဖြစ်စေနိုင်တယ်။ ယောက်ျားတွေမှာ ကျားအစိနဲ့ ဆီးကျိတ်ရောင်တာကိုဆက်ဖြစ်စေနိုင်တယ်။ ပါးစပ်၊ လည်ချောင်း၊ မျက်စိနဲ့ စအိုနေရာတွေမှာလည်းဖြစ်တယ်။
ကူးစက်နည်းနဲ့ ရောဂါလက္ခဏာတွေ
ကဲလ်မီဒီးယားရော ဂနိုးရီးယားပါ ဗဂျိုင်းနား၊ စအို၊ ပါးစပ်ကနေ လိင်အတူနေစဉ်မှာကူးစက်ကြတယ်။ နှစ်မျိုးလုံးဟာ တချို့မှာ ရောဂါလက္ခဏာတွေပေါ်ပြီး တချို့မှာမပေါ်စေပါ။ နှစ်မျိုးလုံးဟာ မိခင်ကနေ ကလေးဆီကူးစက်စေနိုင်ကြတယ်။ အမျိုးသမီးတွေမှာ ဗဂျိုင်းနားကနေ တခုခုဆင်းမယ်။ အရောင်အမျိုးမျိုးဖြစ်နိုင်တယ်။ ရာသီမမှန်ဖြစ်စေနိုင်တယ်။ ပူလောင်နေသလိုခံစားရမယ်။ ဆီးပူမယ်၊ တင်းပါးဆုံနေရာတွေနာမယ်ဆိုရင် သားအိမ်၊ မျိုးဥအိမ်၊ သားအိမ်ပြွန်တွေအထိ ရောက်နိုင်တယ်။ ခံစားရတာမရှိပဲဖြစ်နေနိုင်လို့ အရွယ်ရောက်အမျိုးသမီးတွေ စစ်ဆေးဘို့အကြံပြုထားတယ်။ အထူးသဖြင့် အတူနေဖေါ်များသူတွေက စစ်ရမယ်။
ယောက်ျားမှာဖြစ်ရင် ဆီးပူတာက မများလှပါ။ ဖြူဝါဝါအရည်ကျမယ်။ တချို့မှာကျားအစိနာမယ်။ ခံစားနေရတာတွေ ပျောက်သွားပေမယ့် တဖက်သားကိုကူးစေနိုင်တယ်။ ဂနိုးရီးယားကူးစက်လာပြီးနောက် ၂-၁ဝ-၃ဝ ရက်ဆိုရင် ခံစားနေရတာတွေ ပေါ်လာမယ်။ ကဲလ်မီဒီးယားကူးစက်ခံရရင် ၇-၂၁ ရက်မှာ လက္ခဏာပေါ်မယ်။ ဂနိုးရီးယား လည်ချောင်းမှာဖြစ်ရင် နီရဲနေမယ်၊ နာမယ်၊ ရောင်မယ်၊ အာသီးပါရောင်မယ်၊ အဖြူစက်လိုတွေ့နိုင်တယ်။ စအိုဆိုရင် နာမယ်။ သွေးထွက်နိုင်တယ်။ ဝမ်းသွားရင်နာမယ်။
ဘယ်လိုစစ်မလဲ
ဆီးစပ်နေရာနဲ့ သားအိမ်အဝကနေ ဂွမ်းစလေးနဲ့ ဆဲလ်နမူနာယူပြီးစစ်ရတယ်။ ဆီးစစ်တယ်။ ဆီးမသွားပဲ အနည်းဆုံး ၂ နာရီစောင့်ထားပြီးမှသွားဆဲ့ဆီးကိုစစ်တယ်။ သံသယဖြစ်တဲ့လိင်အတွေ့အကြုံရှိပြီးနောက် ၂ ပါတ်ကြာရင် စစ်သင့်တယ်။ ဒီကူးစက်ရောဂါ ၂ မျိုးလုံးကတွဲဖြစ်နေသလို အသည်းရောင် ဘီပိုး၊ ဆစ်ဖလစ်နဲ့ HIV တွေနဲ့လည်း တွဲဖြစ်တတ်တယ်။ အဲတာတွေကိုပါ စစ်သင့်တယ်။ လိုမယ်ထင်သေးရင် နောက် ၃-၄ လမှထပ်စစ်ပါ။
ဘယ်လိုကုမလဲ
လိင်အတူနေဖက်ကိုပါ တပြိုင်တည်းဆေးကုသသင့်တယ်။ ကူးစက်ခံနေရသူနဲ့ လွန်ခဲ့တဲ့ ရက် ၆ဝ အတွင်းမှာ အတူခဲ့ဘူးသူတွေလည်း စစ်ဆေးကုသမှုလုပ်သင့်တယ်။ ဆေးကုသမှုပြည့်ပြီးနောက် ၇ ရက်အထိ အတူနေတာကို ရှောင်သင့်တယ်။ ကွန်ဒွမ်သုံးတာ ကာကွယ်ရာကျတယ်။
Gonorrhea ဂနိုးရီးယားအတွက်ဆေး
- Cipro® XR 500 mg တကြိမ်တည်းသောက်ပါ။ (သို့)
- Levaquin® 500 mg တကြိမ်တည်းသောက်ပါ။ (သို့)
- Tequin® 400 mg တကြိမ်တည်းသောက်ပါ။
Chlamydia ကဲလ်မီဒီးယားအတွက်ဆေး
- Doxycycline 100 mg တနေ့ ၂-၃ ကြိမ်၊ ၁ဝ-၁၄ ရက်သောက်ပါ။ (သို့)
- Zithromax® (azithromycin) 1.0 gm တကြိမ်။ (သို့)
- Zithromax® Z-pak® (azithromycin) – 500mg ပထမနေ့၊ 250mg တနေ့တကြိမ် နောက် ၄ ရက်။
CDC ၂ဝ၁ဝ လမ်းညွှန်အရ Cephalosporins (Cipro XR 500 mg) ကို ဆေးယဉ်လို့ ဂနိုးရီးယားအတွက် မသုံးစေတော့ပါ။
- Ceftriaxone 250 mg တလုံးထိုး + Azithromycin 1 g တလုံး ဒါမှမဟုတ်
- Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇ ရက်တွဲပေးတယ်။
နောက်ဆေးနည်းကတော့
- Cefixime 400 mg သောက်ပါ + Azithromycin 1 g တလုံး ဒါမှမဟုတ် doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇ ရက်တွဲပေးတယ်။ Ceftriaxone နဲ့အလာဂျီရသူဆိုရင် Azithromycin 2 g သောက်ပါ။
နောက်တနည်းကတော့
- Ceftriaxone 250 mg တလုံးထိုးပါ + Azithromycin 2 g တကြိမ်သောက်ပါ။
အဖေါ်အတွက် အမြန်နည်း
- Cefixime 400 mg + Azithromycin 1 g သောက်ပါ။
ပြန်ဖြစ်တဲ့ဂနိုးရီးယားဆိုရင် ဆေးပတ်လည်ပြီး တပတ်နေရင် ပိုးမွေးနည်းလုပ်သင့်တယ်။
ဒေါက်တာတင့်ဆွေ
Sunday, August 12, 2018
•ဗိုက်နာခြင်း
၃.ကာလသားရောဂါ
၎.အခြားသော ရောဂါများ
၂.မိန်းမကိုယ်ကဲ့သို့ အကျိအချွဲအလွှာ (mucous membrane) မှတဆင့် လည်းကောင်း
ဘယ်လိုကာကွယ်မလဲ?
Dr.Z
Unicode
ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းသည် စိတ်ချရပါသလား?
-ပါးစပ် ဖြင့် လိင်ဆက်ဆံလျှင် အန္တရာယ် မရှိနိုင်ဘူးလို့ လူအများစု အမှတ်မှားနေကြပါတယ်။တကယ်က ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းဖြင့် လိင်လမ်းရေယုံ နှင့် ဆီးပူညောင်ကျ ရောဂါအပြင် အခြားသော လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ ဖြစ်ပွားကူးစက်နိုင်ပါတယ်။ WHO မှစစ်တမ်းများအရ ကမ္ဘာနှင့်အဝန်း တစ်ရက်လျှင် လူတစ်သန်းကူးစက်ခံနေရတာ ကိုတွေ့ရပါတယ်။
ပါးစပ်ကိုလိင်ဆက်ဆံခြင်းဖြင့်ကူးစက်နိုင်သောလိင်မှတဆင့်ကူးစက်သည့်ရောဂါများ
-ပါးစပ်အားလိင်ဆက်ဆံခြင်းဖြင့် ကူးစက်မှုအဖြစ်အများဆုံးရောဂါတွေကတော့
၁.လိင်လမ်း ရေယုံ (genital herpes)
-လိင်လမ်းရေယုံ ဆိုတာ ရေယုံ ရှိသူနှင့် မိန်းမကိုယ်၊ ပါးစပ်၊ စအို အစရှိသော ဒွါရများနှင့် ဆက်ဆံခြင်းဖြင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်သော ရောဂါဖြစ်ပါတယ်။ ကူးစက်လွယ်တဲ့ ရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။
-ဦးစွာဖြစ်တဲ့ ရောဂါလက္ခဏာတွေကတော့ လိင်အင်္ဂါနားတွင် နာကျင်သော အရည်ကြည်ဖုလေးများ ပေါက်ခြင်းပဲ ဖြစ်ပါတယ်။ထိုအကြည်ဖု လေးများမှာ တင်ပါး၊ ပေါင် နှင့် အနီးနားရှိ အင်္ဂါများသို့ လည်းပြန့်ပွားစေတတ်ပါတယ်။ ရေယုံ အမျိုးအစား အပေါ်မူတည်ပြီး ပါးစပ်၊ လျှာ နှင့် နှုတ်ခမ်း တို့တွင်လည်းဖြစ်တတ်ပါတယ်။
-ထိုအရည်ကြည်ဖု လေးများကို ကွန်ဒုံး နှင့် အခြားသော အကာအကွယ် များ ဖြင့် ကာကွယ်ရန် မဖြစ်နိုင်သော ကြောင့် ကွန်ဒုံးသည် လိင်လမ်းရေယုံ ပြန့်ပွား ခြင်းကို ကာကွယ်မပေးနိုင်ပါ။
-ထို့အပြင် ပါးစပ်ရေယုံ ပေါက်နေသူများ အနေနှင့်လည်း ပါးစပ်ဖြင့်လိင်ဆက်ဆံပါက အဆိုပါ ရေယုံမှာဆက်ဆံဖော်၏ လိင်အင်္ဂါသို့ကူးစက်နိုင်ပါတယ်။
-ရေယုံမှာကုသ၍အရှင်းမပျောက်သော်လည်း ဆေးများဖြင့်ရောဂါကို သက်သာစေနိုင်ပါတယ်။
၂.ဆီးပူညောင်းကျ ခေါ် ဂနိုရောဂါ (gonorrhea)
-ဂနိုရောဂါ မှာ ရောဂါ ရှိသူ၏ ဖိုမလိင်အင်္ဂါ၊ ပါးစပ်၊ စအို တို့ နှင့် လိင်ဆက်ဆံ ထိတွေ့ မှုကြောင့် ကူးစက်ပြန့်ပွားတတ်သော ဘက်တီးရီးယားရောဂါ တစ်မျိုးပဲဖြစ်ပါတယ်။
-ဂနိုရောဂါ ၏ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေကတော့
•လိင်အင်္ဂါမှ အရည်များကျခြင်း
•ဗိုက်နာခြင်း
•ဆီးသွား လျှင် ယားခြင်း၊ နာခြင်း
•အမျိုးသား လိင်အင်္ဂါမှ အဖြူ၊ အဝါ နှင့် အစိမ်းရောင်အရည်များကျခြင်း
•ရာသီ စပ်ကြား သွေးဆင်းခြင်း တို့ဖြစ်တတ်ပါတယ်။
-ဂနိုရောဂါ ဟာကုသ၍ပျောက်ကင်း နိုင်ပါတယ်။ ဒါပေမယ့် မကုသပဲထားပါက ပြင်းထန်သောဆိုးကျိုးများ ခံစားရ နိုင်ပါတယ်။ အမျိုးသမီးများ တွင် မကုသပဲ ထားပါက တင်ပါးဆုံတွင်း အင်္ဂါများ ရောင်ရမ်းခြင်းကို ဖြစ်နိုင်သောကြောင့်သတိထားသင့်ပါတယ်။ထိုမျှသာမက ဂနိုရောဂါဟာမြုံခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။
၃.ကာလသားရောဂါ
-ကာလသားရောဂါဟာလည်း အထက်တွင်ဖော်ပြထားသော ရောဂါများ ကဲ့သို့ပင် အနာ နှင့် ကိုယ်အင်္ဂါများ ထိတွေ့မှုမှတဆင့် ကူးစပ်တတ်ပါတယ်။
-ကာလသားရောဂါ ရောဂါဟာ ကုသ၍ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် မကုပဲထားပါက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများပျက်စီးခြင်း၊ ဒီမန်းရှားရောဂါ(dementia) နှင့် အခြားသော ကြီးမားသည့်ဆိုးကျိုးများ ဖြစ်စေတတ်ပါတယ်။
-ရောဂါ၏ အစပိုင်းတွင် သေးငယ်သောအရည်ဖု ကဲ့သို့ အနာများ ပေါ်လာတတ်ပါတယ်။ ဒါကြောင့် ပါးစပ်နှင့်ဆက်ဆံခြင်းကြောင့် ရောဂါကူးစက်ခံရသူ ၏ လိင်အင်္ဂါနှင့် ပါးစပ်တွင် အဆိုပါ အနာလေးများ ပေါက်တတ်တာကို တွေ့ရပါတယ်။
-ရောဂါ ၏ နောက်ပိုင်းတွင် နှလုံး နှင့် ဦးနှောက် ကဲ့ သို့ အရေးကြီးသော ခန္တာကိုယ် အစိတ်အပိုင်းများကို ထိခိုက်နိုင်သောကြောင့်သတိထားသင့်ပါတယ်။
၄.အခြားသော ရောဂါများ
အောက်ပါရောဂါများမှာ ပါးစပ်ဖြင့်ဆက်ဆံခြင်းကြောင့်ကူးစက်နိုင်ခြေနည်းသော်လည်း ကူးစက်ဖြစ်ပွား နိုင်ပါတယ်။
•ကလားမိုင်းဒီးယား(Chlamydia) – ဖိုမအင်္ဂါ၊ပါးစပ်၊ စအို တို့မှတဆင့် ပြန့်ပွားနိုင်ပါတယ်။ အများအားဖြင့်ရောဂါလက္ခဏာ မပြတတ်ပေမယ့် ဆီးသွားရခက်ခြင်း၊ လိင်အင်္ဂါယားခြင်း၊ နာခြင်းတို့ဖြစ်တတ်ပါတယ်။
•Pubic Lice(ဆီးခုံသန်း) -pubic lice ဆိုတာ ဆီးခုံမွေးတွင် နေသော သေးငယ်သော အင်းစက်များဖြစ်ပါတယ်။ အဆိုပါအင်းစက် များမှာ ကိုယ်ခန္ဓာထိတွေ့ မှုမှတဆင့် တစ်ဦး ပေါ် တစ်ဦး ကူးစက်ပြန့်ပွားစေကာ ဆီးခုံတဝိုက်တွင် ယားယံခြင်း၊ နီရဲခြင်း၊ နာခြင်းတို့ ဖြစ်စေတတ်ပါတယ်။
•အသည်းရောင် အသားဝါ ဘီ နှင့် စီ- ဗိုင်းရပ်စ်ကြောင့် ဖြစ်သည့် အသည်းအားထိခိုက်စေရောဂါဖြစ်ပါတယ်။ ရောဂါရှိသော ခန္တာကိုယ်အရည်များ (သွေး၊ သုတ်ရည်) အစရှိသည်တို့ နှင့်ထိတွေ့မိခြင်းကြောင့် ကူးစက်ပြန့်ပွားနိုင်ပါတယ်။
•လိင်အင်္ဂါကြွက်နို့- human papilloma virus(HPV) ပိုးကြောင့်ဖြစ်ပြီး လိင်အင်္ဂါတဝိုက်တွင် အကျိတ်၊ အဖုများ ပေါက်ခြင်းဖြစ်ပါတယ်။ ရောဂါလက္ခဏာဆိုးရွားစွာပြသလေ့မရှိသော်လည်း အချို့သော သူများတွင် လိင်အင်္ဂါ နှင့်အနီးတဝိုက်တွင် နာခြင်း၊ ယားခြင်းတို့ ဖြစ်တတ်ပါတယ်။
-ပါးစပ်ဖြင့်လိင်ဆက်ဆံပေးခြင်း နှင့် HIV
HIV ဟာ သွေး၊ မိခင်နို့ ၊ မိန်းမကိုယ်မှထွက်သော အရည် နှင့် သုတ်ရည်တို့တွင် ရှိတတ်ပါတယ်။ ရောဂါကူးစက်ဖို့ဆိုလျှင် ရောဂါရှိသူ၏ အဆိုပါအရည်တစ်မျိုးမျိုးက အခြားသူ၏ သွေးလမ်းကြောင်းထဲသို့ ဝင်ရောက်ရန်လိုအပ်ပါတယ်။
ထိုသို့ဖြစ်နိုင်သောအခြေအနေ ၃ ရပ်မှာ
၁.အနာမှတဆင့် ဝင်ရောက်နိုင်ခြင်း လည်းကောင်း
၂.မိန်းမကိုယ်ကဲ့သို့ အကျိအခွဲျအလွှာ (mucous membrane) မှတဆင့် လည်းကောင်း
၃.သွေးကြောထဲ သို့တိုက်ရိုက်ထိတွေ့ခြင်း(ဥပမာ-ဆေးထိုးအပ်အတူသုံးခြင်း) ဖြင့်လည်းကောင်း ကူးစက်နိုင်ပါတယ်။
-ပါးစပ်နှင့်ဆက်ဆံခြင်းမှာ သွေးလမ်းကြောင်းနှင့်တိုက်ရိုက်တွေ့ထိမှုမရှိပေ။ သို့သော် ပါးစပ်ထဲတွင် အနာဖြစ်နေပါက သွေးလမ်းကြောင်းနှင့် ထိတွေ့ပြီး ကူးစက်နိူင်တာကို သတိပြုရမှာပဲ ဖြစ်ပါတယ်။
ဘယ်လိုကာကွယ်မလဲ?
-အောက်ပါလုပ်ဆောင်ချက်များဖြင့်အထက်တွင်ဖော်ပြထားသောရောဂါများ ကူးစက်မှုကို အထိုက်အလျောက် လျှော့ချနိုင်မှာဖြစ်ပါတယ်။
•လိင်မှတဆင့် ကူးစက်တတ်သောရောဂါများရှိ/မရှိပုံမှန်စစ်ကာ မိမိ၏ ဆက်ဆံဖော်အား လည်းပုံမှန် စစ်ရန်တိုက်တွန်းခြင်း၊
•တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်း
•အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကိုရှောင်ခြင်း
•ရောဂါရှိသူ နှင့် လိင်ဆက်ဆံမှုမပြုခြင်း
•ရောဂါဖြစ်ပါက အမြန်ကုသခြင်းဖြင့် ရောဂါပြန့်ပွားမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
Dr.Z
အမျိုးသားများ အိပ်ယာထဲမှာ လုပ်လေ့ရှိကြတဲ့ အမှား (၆) မျိုး
အမျိုးသားများ အိပ်ယာထဲမှာ လုပ်လေ့ရှိကြတဲ့ အမှား (၆) မျိုး
အမျိုးသား အများစု ခံယူထားကြတာက သူတို့တွေဟာ လိင်ကိစ္စနဲ့ ပတ်သတ်လာရင် မြင်းရိုင်းတစ်ကောင်လို စွမ်းဆောင်နိုင်တယ်ထင်ကြပေမဲ့ အမျိုးသားအများစုဟာ အိပ်ယာထဲမှာလည်း အမှားတွေကို လုပ်မိနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ခါတစ်ရံမှာ ကိုယ်နည်းစနစ်တွေကို မသိလို့ သူမက မကျေမနပ်ဖြစ်နေတာမဟုတ်ဘဲ အိပ်ယာထဲမှာ အမှားတွေလုပ်မိတာကြောင့် အဖော်ဖြစ်သူ အမျိုးသမီး စိတ်မကျေမနပ် ဖြစ်တဲ့ အချိန်တွေရှိတတ်ပါတယ်။ အမျိုးသမီးတွေဟာ ဒီကိစ္စနဲ့ ပတ်သတ်ရင် ထုတ်ပြောတတ်သူတွေ မဟုတ်ကြတဲ့ အတွက် ယောက်ျားလေးတွေဟာ သူတို့ရဲ့ အဖော် ဘာကြောင့် လိုအင်ဆန္ဒ မပြည့်ဝတာလဲဆိုပြီး ခေါင်းရှုပ်တတ်ကြပါတယ်။ ဒါ့ကြောင့် လိင်ကိစ္စပိုင်းဆိုင်ရာမှာ တိုးတက်ချင်တယ်ဆိုရင် ကိုယ့်ရဲ့အမှားတွေနဲ့ တစ်ခြားသူတွေရဲ့ အမှားတွေကနေ သင်ခန်းစာယူတာက အကောင်းဆုံး ဖြစ်ပါတယ်။
၁။ အမျိုးသမီးဖြစ်သူရဲ့ စိတ်ဆန္ဒနည်းပါးနေခြင်းဟာ သူဆွဲဆောင်မှုမရှိလို့ ဆိုပြီးထင်တတ်ကြတယ်။
အမျိုးသမီး ချောချောလေးတစ်ယောက်လောက်ကို တွေ့ရလိုက်တဲ့ အချိန်မှာ ယောက်ကျားလေးတွေရဲ့ ခန္ဓာကိုယ်က အနည်းငယ်အချက်ပြပါတယ်။ ကိုယ့်ရဲ့ အဖော်အမျိုးသမီးနဲ့ လူရှင်းတဲ့ အချိန်မှာတွေ့မယ်ဆိုရင် အမျိုးသားလိင်အင်္ဂါက အနည်းငယ်ထောင်မတ်လာနိုင်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက်ဟာ ဆွဲဆောင်မှုရှိတဲ့ သူ့ရဲ့ အဖော်အမျိုးသားပဲဖြစ်ဖြစ်၊ တစ်ခြားယောက်ကျားလေးပဲဖြစ်ဖြစ် တွေ့လိုက်မယ်ဆိုရင် သူ့တို့ လိင်အင်္ဂါတွေက ချက်ခြင်း အချက်ပြတာမျိုး မရှိကြပါဘူး။ ဒီလိုဖြစ်ခြင်းထက် “ဒီတစ်ယောက်ကတော့ ကြည့်လို့ကောင်းတယ် ” ဆိုတာလောက်ပဲပြောကြမှာ ဖြစ်ပြီး သူမရဲ့ လိင်အင်္ဂါတွေကတော့ အချက်ပြမှာ မဟုတ်ပါဘူး။ ယောက်ျားလေးတွေရဲ့ လိင်ဆက်ဆံလိုစိတ်ဆန္ဒဟာ ခန္ဓာကိုယ်က အရင်းတည်ပြီး အမျိုးသမီးတွေကတော့ သူမရဲ့ မှတ်ဉာဏ်၊ စိတ်ကူးနဲ့ အထိအတွေ့တို့မှ အခြေခံပေါက်ဖွားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတစ်ယောက်ကို ချက်ခြင်း ဝုန်းဒိုင်းကြဲလို့မရပါဘူး။
၂။ အမျိုးသမီးတွေ လိင်စိတ်ထကြွဖို့ ခက်ခဲတာကို စိတ်မရှည်ကြဘူး။
အမျိုးသားနဲ့ အမျိုးသမီး လိင်စိတ်ထကြွတဲ့ ပုံစံဟာ ဂတ်စ်မီးဖိုနဲ့ မီးသွေးမီးဖိုလိုပါပဲ။ ဂတ်စ်မီးဖိုက ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ မီးတောက်လာပေမဲ့ မီးသွေးမီးဖိုကတော့ ချက်ခြင်းမီးမတောက်လာပါဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ ဆန္ဒကိုက ချက်ခြင်း မီးတောက်ချင်တယ်ဆိုရင်တောင် သူတို့ရဲ့ ဇီဝကမ္မဗေဒဖွဲ့စည်းပုံက ချက်ခြင်းစိတ်ဆန္ဒ ပြင်းပြလာချင်စိတ်ကို ခွင့်မပြုပေးပါဘူး။ အဲ့ဒီအချိန်မှာ အဖော်ဖြစ်သူ အမျိုးသားက စိတ်ပျက်နေတာကို အမျိုးသမီးတွေ သတိထားမယ်ဆိုရင် သူမရဲ့ စိတ်ဆန္ဒပြင်းပြစိတ်က ပိုနှေးကွေးနိုင်ပါတယ်။ ဒါကို ကုစားနိုင်မယ့် အချက်ကတော့ အချိန်ယူပါ၊ တစ်ဖြည်းဖြည်း စိတ်ဆန္ဒပြင်းပြခြင်းလာတာကို စိတ်ရှည်ပါ။ မချင့်မရဲ ဖြစ်တဲ့စိတ်ကို နိုင်အောင်ထိန်းပါ။
၃။ ပြီးပြည်စုံတဲ့ လိင်ဆက်ဆံမှုဟာ အမျိုးသားရဲ့ စွမ်းဆောင်ရည်ပေါ်မှာ မူတည်တယ်လို့ ထင်နေခြင်း။
အမျိုးသားတစ်ယောက်ဟာ သူတို့ အင်္ဂါထောင်မတ်ခြင်းနဲ့ ကြာချိန်အပေါ် အလွန်အကြူး စိုးရိမ်နေမယ်ဆိုရင် အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံမှုဆိုင်ရာ ရင်းနှီးမှုကို ပျက်ဆီးစေနိုင်ပါတယ်။ အမျိုးသားတစ်ယောက်ဟာ သူတို့ရဲ့ ထောင်မတ်ခြင်းနဲ့ ပတ်သတ်ပြီး အလွန်အကျွံစိုးရိမ်နေမယ်ဆိုရင် လိင်ဆက်ဆံတဲ့အခါ အထွတ်အထိပ်သို့ ရောက်ဖို့ ခက်ခဲပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံတဲ့ အခါမှာ အဖော်ဖြစ်သူနဲ့ စိတ်ချင်းနီးကပ်နေဖို့လိုပြီး စကားများလည်းပြောပေးဖို့လိုပါတယ်။ လိင်တံထောင်မတ်တဲ့ ပြဿနာရှိနေမယ်ဆိုရင်တောင် ဒီကြားကာလအချိန်လေးဟာ ၂ ဦး ပိုနီးကပ်စေမယ့် အချိန်လည်း ဖြစ်ပါတယ်။
၎။ လိင်အင်္ဂါကို အရင်ဆုံးသွားထိတွေ့ခြင်း။
အမျိုးသားအများစုက အဖော်အမျိုးသမီး ရဲ့ လိင်ဆက်ဆံချင်စိတ်ကို နှိုးဆွဖို့ဆုံးဖြတ်လိုက်တာနဲ့ အမျိုးသမီး အင်္ဂါကို သွားထိတွေ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေ ကိုယ်တိုင်ကလည်း သူတို့ရဲ့ လိင်အင်္ဂါကို တိုက်ရိုက်လှုံ့ဆော်တာကို ကြိုက်နှစ်သက်ကြတဲ့အတွက် သူတို့ရဲ့ အဖော်အမျိုးသမီးတွေလည်း လိင်အင်္ဂါကို တိုက်ရိုက်ထိတွေ့တာကို ကြိုက်နှစ်သက်မယ်လို့ ထင်တာကြောင့်ပါ။ ဒါပေမဲ့ အဖော်အမျိုးသမီးကို စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ခွင့်မပေးသေးဘဲ လိင်အင်္ဂါကို အရင်သွားထိတွေ့ခြင်းဟာ အတင်းအကျပ်ကျူးလွန်ခံရတဲ့ စိတ်ခံစားချက်ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံဖို့ ပြင်ဆင်မယ်ဆိုရင် အရင်ဆုံး မြေစမ်းခရမ်းပျိုးအဆင့်ကနေ စိတ်ရှည်ရှည်နဲ့ စတင်သင့်ပါတယ်။
၅။ အမျိုးသမီးအင်္ဂါအစေ့ကို လှုံဆော်ရမဲ့ အစားမွေလမ်းကြောင်းကို လှုံဆော်နေတတ်ခြင်း။
အမျိုးသမီးမွေးလမ်းကြောင်းမှာ ဖြစ်ပေါ်တဲ့ ခံစားချက်ဟာ အမျိုးသားလိင်အင်္ဂါမှာ ဖြစ်ပေါ်တဲ့ ခံစားချက်နဲ့လုံးဝကွာခြားတာတော့ မဟုတ်ပါဘူး။ သို့ပေမဲ့ အမျိုးသားလိင်အင်္ဂါမှာ ဖြစ်ပေါ်တဲ့ ခံစားချက်ဟာ အထိအတွေ့အပေါ်မှာ အခြေခံပေမဲ့ အမျိုးသမီး လိင်အင်္ဂါကြတော့ ကျုံ့ခြင်းနဲ့ ဖိအားတို့ကြောင့် ခံစားချက်ဖြစ်ပေါ်တာပါ။ အမျိုးသမီးတွေမှာ အမျိုးသားလိင်အင်္ဂါနဲ့ ခံစားပုံခြင်း ဆင်တဲ့ အရာကတော့ အမျိုးသမီး အင်္ဂါစေ့ (clitoris) ဖြစ်ပါတယ်။ ကွာခြားတာကတော့ အမျိုးသမီးတွေရဲ့ ခန္ဓာဗေဒ ဖွဲ့စည်းပုံက ပိုနူးညံပြီး တုံ့ပြန်မှုအားကောင်းတာပါပဲ။ လိင်ဆက်ဆံတဲ့အချိန်မှာ ခံစားချက်ကိုပေးစွမ်းနိုင်တာက လိင်အင်္ဂါအစေ့သာ ဖြစ်ပြီး မွေးလမ်းကြောင်း မဟုတ်ပါဘူး။ ဒါ့ကြောင့် အမျိုးသမီး လိင်အင်္ဂါတွေကို ကိုယ့်လိင်အင်္ဂါတွေလိုပဲလို့ မတွေးမိဖို့လိုပါတယ်။ အမျိုးသမီးတစ်ယောက်အတွက် ဘယ်လို အထိအတွေ့မျိုးက ပိုပြီး ခံစားမှုကောင်းနိုင်စေလဲဆိုတာလေ့လာပြီး အတင်းအကြပ် မဖြစ်စေရန် အချိန်ယူဖို့လိုပါတယ်။ အမျိုးသမီးအများစုကတော့ လိင်ဆက်ဆံခင် အမျိုးသမီး လိင်အင်္ဂါစေ့ကိုလှုံဆော်ပြီး အထွတ်အထိပ်ရောက်တာကို ကြိက်နှစ်သက်ကြပါတယ်။
၆။ လိင်ဆက်ဆံချိန် ကိုယ်ကသာဦးဆောင်နေခြင်း။
အမျိုးသားအများစုကတော့ လိင်ဆက်ဆံချိန်မှာ ဦးဆောင်တတ်ကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ အမျိုးသမီးတွေကလည်း ဦးဆောင်တတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်က မတူပါဘူး။ အမျိုးသမီးအများစုဟာ အဖော်အမျိုးသားကပဲ ဦးဆောင်နေကြတာကို မကြိုက်ကြပါဘူး။ သူတို့မှာလည်း ဘယ်လို လိင်ဆက်ဆံတဲ့အခါ လုပ်ဆောင်ချင်တဲ့ ရွေးချယ်မှုတွေရှိကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အဖော်ဖြစ်သူ စိတ်ကျေနပ်စေဖို့ ဂရုစိုက်ဖို့လိုအပ်ပြီး တစ်ခါတစ်ရံ သူမကိုလည်း ဦးဆောင်ခွင့်ပြုသင့်ပါတယ်။
Credit – Hello ဆရာဝန်
မျက်ရည်ယိုဗုံးအကြောင်း သိကောင်းစရာများ
မျက်ရည်ယိုဗုံးအကြောင်း သိကောင်းစရာများ  စာရေးသူ - ပစ်တိုင်းထောင် (ဆေးမန်း) ၁) မျက်ရည်ယိုဗုံး (Tear Gas) ဆိုတာ - Tear Gas ကို အထိကရုံး နှိမ်န...